တေးဆို- ပိုပိုဟေသာ
ကြယ်ရောင်တွေ စုံတဲ့ညဘက်မှာ
ဂစ်တာသံလေးကြားဖူးတယ်ဟေ့
အဆောင်သူတွေ တစ်ပုံကြီးရဲ့ရှေ့မှာ
နင်ဆိုတဲ့သီချင်းလေး ကောင်းတယ်ဟေ့
ရင်ခုန်အောင်နင်လုပ်သည်
အချိုရည်တွေတောင် ငါပစ်ပေးမိ
သီချင်းလေးအမည် နင်ပေးခဲ့သည်
ထာဝရမခွဲဘူး ဟန်နီ
ရေဒီယိုဖွင့်တိုင်းကြားရတာ
နင်ဆိုခဲ့သောသီချင်းလေးပါဟေ့
တီဗီတွေမှာလည်း မင်းမျက်နှာ
နာမည်ကျော်နေတဲ့ ငါ့ချစ်သူလေး
ဂျာနယ်မှာ နင်ပြောသည်
ကျွန်တော်ရင်ခုန်တာဘယ်သူမှမရှိ တဲ့
နင့်သီချင်းလေးအမည်ပြန်ပြောင်းသင့်ပြီ
ကျွန်တော်အတိတ်မေ့တတ်ပါသည်
လူစိမ်းကားကြီး အဆိုတော်မင်းသားကြီး
ငါတိုက်ဖူးတဲ့အချိုရည်တောင်
ကြော်ငြာထားပြီး
ငါ့ကိုမသိ နင်အရောင်တွေ ပြောင်းသွားပြီ
ငါတို့နှစ်ယောက်ရဲ့အတိတ်လေးသည်
ဟောင်းသွားပြီ နင်မေ့လိုက်ပြီ
ငါကတော့ တီဗီတွေမှာထိုင်လွမ်းပြီး
နင့်သီချင်းတွေညည်းရေဒီယိုမှာဖုန်းပြောမည်
အတိတ်မေ့တဲ့အချစ်လေးဆီ
စင်ပေါ်မှာ ဆိုတတ်ကတတ်လာ
Dancerတွေအတိုင်းမင်းက ပြင်လာ
Justin Bieber အတိုင်းလေးပဲကွာ
ဒါပေမယ့်လည်းအားပေးမှာပါ
တစ်ခါတလေ ဂစ်တာတီးကွာ
အရင်ပုံစံကိုမြင်ချင်လို့ပါ
သီချင်းလေးအမည် ထပ်ပြောင်းသင့်ပြီ
ကျွန်တော်စိမ်းကားတတ်ပါသည်
လူစိမ်းကားကြီး အဆိုတော်မင်းသားကြီး
ငါတိုက်ဖူးတဲ့အချိုရည်တောင်
ကြော်ငြာထားပြီး
ငါ့ကိုမသိ နင်အရောင်တွေပြောင်း သွားပြီ
ငါတို့နှစ်ယောက်ရဲ့အတိတ်လေးသည်
ဟောင်းသွားပြီ နင်မေ့လိုက်ပြီ
ငါကတော့ တီဗီတွေမှာထိုင်လွမ်းပြီး
နင့်သီချင်းတွေညည်းရေဒီယိုမှာဖုန်းပြောမည်
အတိတ်မေ့တဲ့အချစ်လေးဆီ
လူစိမ်းကားကြီး အဆိုတော်မင်းသားကြီး
ငါတိုက်ဖူးတဲ့အချိုရည်တောင်
ကြော်ငြာထားပြီး
ငါ့ကိုမသိ နင်အရောင်တွေပြောင်း သွားပြီ
ငါတို့နှစ်ယောက်ရဲ့အတိတ်လေးသည်
ဟောင်းသွားပြီ နင်မေ့လိုက်ပြီ
ငါကတော့ တီဗီတွေမှာထိုင်လွမ်းပြီး
နင့်သီချင်းတွေညည်းရေဒီယိုမှာဖုန်းပြောမည်
အတိတ်မေ့တဲ့အချစ်လေးဆီ
ရေဒီယိုဖွင့်တိုင်းကြားရတာ
နင်ဆိုခဲ့သော သီချင်းလေးပါ ..ဟေ့
